ရန်ကုန် ၂၃ ဧပြီ
တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ ဈေးရောင်းသူများ ပူးပေါင်း၍ မြို့နယ်နေပြည်သူများ stay at home ကာလအတွင်း ဈေးမသွားဘဲ မိမိတို့အိမ်ရှေ့အရောက် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကို ဝယ်ယူနိုင်ရန် ယနေ့ နံနက် ၆ နာရီခွဲမှ ဈေးကား လေးများဖြင့် ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးခဲ့သည်။
ထိုကဲ့သို့ လိုက်လံရောင်းချပေးသည့် စားသောက်ကုန်များတွင် ကြက်၊ ဝက်၊ ငါး၊ ပုဇွန်၊ ကြက်ဥ၊ ကုန်ခြောက်အစုံ၊ ဟင်းသီးဟင်းရွက်အစုံ၊ ငပိရည်နှင့်တို့စရာအစုံ၊ ဆန်၊ ဆီ၊ အာလူး၊ ပဲ၊ ငရုတ် အစရှိသော ကုန်ခြောက်အစုံ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည်နှင့် အော်ဂဲနစ်အသီးအနှံများပါဝင်ပြီး အဆိုပါ စားသောက်ကုန်များ တင်ဆောင်လာသော ဈေးကားများသည် (၅)ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၇)ရပ်ကွက်၊ (၉)ရပ်ကွက်၊ (၁၀)ရပ်ကွက်၊ (၁၂)ရပ်ကွက်၊ (၁၃)ရပ်ကွက်နှင့် (၁၄)ရပ်ကွက်များသို့ သွားရောက်၍ လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။
နေထက်အောင်


