ဖာပွန် ၂၃ ဧပြီ
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး အသိပေးလှည့်လည်ကြေညာခြင်းကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ သို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်စိန်လှဝင်း ဦးဆောင်၍ ဝန်ထမ်းများ က ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဖာပွန်မြို့၊အမှတ်(၃) နှင့် အမှတ်(၄) ရပ်ကွက်၊ မဲသလွတ်၊ ရှမ်းကိုင်း၊ ဝှေနောင်၊ အနောက်ဘက်ကမ်း၊ ဝှေဆန်၊ ငါးအိမ်စု၊ ကူးဆိပ်၊မထောစသည့်ကျေးရွာများသို့ ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် အသိပညာပေး ကြေညာခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းကို ယခုလ (၂၀)ရက်နေ့ မှ စတင်ဆောင်ရွက်လျက်ရှိပြီး (၂၄)ရက်နေ့အထိ (၅)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)


