ညောင်ဦး  ၂၃  ဧပြီ       

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် လူငယ်ရေးရာကော်မတီအဖွဲ့၊ ငါ့သရောက်မြို့ လူငယ် ကိုယ်စားလှယ်အဖွဲ့၊ ခေတ်ဆုသျှင် ပရဟိတလူငယ်အဖွဲ့နှင့်  ဖျောက်ဆိပ်ပင်လူငယ်အဖွဲ့တို့ ပူးပေါင်း၍  ယမန်နေ့ ညနေပိုင်း ၄ နာရီက ညောင်ဦးမြို့ ယာယီဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကူးစက် ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(mask) များ အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

 

ထို့နောက် ပူးပေါင်းအဖွဲ့များသည် နေ့စဉ် အဆက်မပြတ် လူပ်ရှားဆောင်ရွက်နိုင်ရေး ညောင်ဦး ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း (လူငယ်ရေးရာကော်မတီဉက္ကဌ)ထံသို့ ကိုဗစ်-၁၉ ကာကွယ် တားဆီးရေး လုပ်ငန်းစဉ်များတွင် လိုအပ်သည့်ပစ္စည်းများ ရရှိနိုင်ရေး တွေ့ဆုံဆွေးနွေးရာ ဉက္ကဌမှ လိုအပ်သည်များ ဖြည့်ဆည်းပေးပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး အဆိုပါ ညောင်ဦးခရိုင် လူငယ်ရေးရာကော်မတီနှင့် ပူးပေါင်းအဖွဲ့များထံသို့ ညောင်ဦးမြို့ ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးသန်းဌေးမှလည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် ငွေကျပ် ၃ သောင်း လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးခရိုင် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးချစ်မင်းကပြောပြ၍ သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)