ရန်ကုန်     ၂၃    ဧပြီ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားနေစဉ် ကာလအတွင်း မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၆၉) ကျောင်းမှ သံဃာတော်များ ဆွမ်းကိစ္စများတွင် အထောက်အပံ့ ဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရွှေသံလွင် ကုမ္ပဏီနှင့် ဘာသာပေါင်းစုံ အဖွဲ့မှလှူဒါန်းသည့် ငါးသေတ္တာဘူးများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်သံဃာ့ မဟာနာယက ဆရာတော်ထံ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

 

841

 

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိကျောင်းတိုက် (၆၉) တိုက်မှ သံဃာတော်များအတွက် ငါးသေတ္တာဗူး ၁၇၅၂ ဘူးအား ဟင်္သာတကျောင်းတိုက်မှ သံဃာ့မဟာနယက ဆရာတာ်ထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ဆပ်ကပ် လှူဒါန်းပေးခဲ့ကာ ကျောင်းတိုက်များအလိုက် ပြန်လည်ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချစ်စုဝေ(ပြန်/ဆက်)