ကျိုက်မရော ၂၃ ဧပြီ
ပူပြင်း ခြောက်သွေ့သော နွေရာသီတွင် ကျိုက်မရော မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေသယ်ယာဉ် ၂ စီးဖြင့် ယနေ့နံနက်ပိုင်းက ကျွန်းရွာကျေးရွာ၌ သောက်သုံးရေများ လှူဒါန်းပေးသည်။
ထိုသို့လှူဒါန်းရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းသန့်ဇော်ထွန်းနှင့် ဝန်ထမ်းများက ကျွန်းရွာကျေးရွာရှိ အိမ်ခြေ ၁၃၀ဝ နှင့် လူဦးရေ ၆၄၀ဝ တို့အတွက် တစ်နေ့လျှင် ရေဂါလန် တစ်သောင်းကျော်ကို နေ့စဉ်ထောက်ပံ့ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ဧပြီတတိယအပတ်မှစ၍ ယနေ့ထိရေဂါလန်ပေါင်း ခြောက်သောင်းကျော်ကို ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမင်းသန့်ဇော်ထွန်းထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


