နေပြည်တော် ၂၃ ဧပြီ
တပ်မတော်မှ ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့နယ်၊ တာရွှေထန် ကျေးရွာအုပ်စု၊ ကြွယ်ပါးကျေးရွာ၏ အရှေ့တောင်ဘက်ရှိ အဆောက်အဦပျက် အပေါ်ထပ် အုတ်နံရံအပေါက်တွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၆,၈၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ယင်းနေ့မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ ကုန်းညောင်ကျေးရွာ အနီးတွင် တွေ့ရှိသူ မျိုးဇော်နိုင် ၊ လောက်အန်း ၊ အိုက်စိုင်းနှင့် မာနော် တို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀၊ မြန်မာငွေ ကျပ် ၃၀,၀၀၀ ၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် မော်တော်ဆိုင်ကယ် ၃ စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


