မြင်းခြံ ၂၃ ဧပြီ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများကို နေ့ညမပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြင်းခြံမြို့ရှိ ဈေးများတွင် ဈေးရောင်းဈေးဝယ်များ Mask အသုံးပြုနိုင်ရေး အတွက် ယနေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ Mask များဖြန့်ဝေရာတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ စုပေါင်းကာ မြင်းခြံမြို့ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် ဈေးရောင်းဈေးဝယ် ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ခြင်းဖြင့် ရောဂါပိုးမွှားများ အန္တရာယ်မှ ကာကွယ်စေနိုင်ရန် ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း သိရသည်။
ကိုကျော်စွာ(ပြန်/ဆက်)


