နေပြည်တော် ၂၃ ဧပြီ


၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၃-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၂) ခု အနက် (၅) ဦး ၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၇၇) ခုတွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ)ပါ။

 

mdn

 

၂။ (၂၃-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၃၂) ဦး ရှိပြီဖြစ်ပါသည်။

 

၃။ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉) ဦး ရှိပြီဖြစ်ကာ ၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးနောက် အသွားအလာ ဆက်လက်ကန့်သတ်ထားရှိပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၅)ဦးရှိပါသည်။

 

၄။ ကျန်လူနာ (၁၁၈) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် ဆက်လက်စောင့်ကြည့်ကုသမှုပေး လျက်ရှိပါသည်။ ၎င်းလူနာ (၁၁၈) ဦးအနက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် အထူးကြပ်မတ် ကုသမှုပေးလျက်ရှိသူ (၂) ဦးနှင့် တောင်ဥက္ကလာပအထူးကုဆေးရုံတွင် အထူးကြပ်မတ်ကုသမှု ပေးလျက်ရှိသူ (၁) ဦးရှိကာ ကျန် (၁၁၅) ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန် လျက်ရှိပါသည်။

 

၅။ ယနေ့ ပထမအသုတ် ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာသစ် (၅)ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။

 

၆။ (၂၂-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၃-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၀၇)ဦး ရှိပါသည်။

 

Ref; Ministry of Health and Sports, Myanmar

 

mdn