ဘောလခဲ  ၂၄   ဧပြီ

 

ကယားပြည်နယ်၊ ဘောလခဲမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ဘောလခဲထာဝရတွဲလက်များ ပရဟိတအဖွဲ့မှ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

 

ထာဝရတွဲလက်အဖွဲ့မှ စားသောက်ကုန်များဖြစ်သော ဆန်၊ ကုလားပဲ၊ ခရမ်းချဉ်သီး၊ သက်ကြီးရွယ်အိုများအတွက် ဖြည့်စွက်အာဟာရ နို့ဆီ၊ ကော်ဖီတို့ဖြစ်ပြီး ရှမ်းတောင်ပိုင်း၊ ပွန်ချောင်းအရှေ့ဘက်ကမ်း၊ ရှမ်းစုစည်းနှင့်ကယားပိုင်းရပ်ကွက် စုစုပေါင်း အိမ်ထောင်စု(၆၈)အိမ် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ဖိုးရယ်