ဝါးခယ်မ   ၂၄   ဧပြီ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် အနှေးယာဉ်လုပ်သား ၅၀၀ ကျော်အား စားသောက်ကုန်များ တတိယအကြိမ် လှူဒါန်းမှုကို ဧပြီ ၂၃ ရက် မွန်းလွဲ ၄ နာရီက ပတ္တမြားရပ်ကွက် ဘုရားကြီးလမ်း မူကြိုကျောင်းရှေ့၌ ပြုလုပ်ခဲ့သည်။

 

ဝါးခယ်မမြို့နယ်အတွင်းရှိ အနေးယာဉ်လုပ်သားများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားသောက်မှု အဆင်ပြေစေရေးကို ရည်ရွယ်ပြီး လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ အနှေးယာဉ်လုပ်သား တစ်ဦးလျင် ဆန် နှစ်ပြည်၊ ဆီ ၅၀ သားနှုန်းဖြင့် လှူဒါန်းပေးခဲ့ကြောင်း ယနေ့အလှူရှင် ဖြစ်သည့် ဦးအေးသောင်း၏ ပြောပြချက်အရ သိရသည်။

 

"အခုက ဆိုက်ကားဆရာတွေကို တတိယအကြိမ် လှူဒါန်းပေးတာဖြစ်တယ်။ ပထမအကြိမ်တုန်းက ဘုရားကြီးလမ်း မူကြိုကျောင်း ကော်မတီဝင်တွေစုပြီး လှူဒါန်းပေးခဲ့တယ်။ ဒုတိယအကြိမ်မှာက အလှူရှင်တွေစုပေါင်း လှူဒါန်းကြတာ။ အနှေးယာဉ် စုစုပေါင်း ၅၀၀ ကျော်ရှိပါတယ်။ ဆက်ပြီး အခုလို လှူဒါန်းပေးချင်တယ်ဆိုလည်း ကျွန်တော်တို့ မူကြိုကျောင်း ကော်မတီက ကူညီဆောင်ရွက် ပေးသွားမှာပါ" ဟု မူကြိုကျောင်း ကော်မတီဝင်ဖြစ်သူ ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြောသည်။

လွှမ်းသီဟ (ပြန်/ဆက်)