ခင်ဦး ၂၄ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခင်ဦးမြို့နယ်တွင် ဧပြီ ၂၁ ရက် ညနေ ၅ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများကို ဧပြီ ၂၃ ရက် ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ကျေးရွာအုပ်စု ၁၅ အုပ်စု၊ ကျေးရွာ ၁၇ ရွာရှိ လေဘေးသင့်အိမ် ၄၉ အိမ်အတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူရန် ငွေကျပ် ၁၆၆၀ဝ၀ဝ နှင့် လူဦးရေ ၂၅၆ ဦးအတွက် ဆန်ရိက္ခာဝယ်ယူရန် တစ်ဦးလျှင် ငွေကျပ် ၂၁၀ဝ နှုန်းဖြင့် ငွေကျပ် ၅၃၇၆၀ဝ စုစုပေါင်းငွေကျပ် ၂၁၉၇၆၀ဝ ကို ထောက်ပံ့ပေးကြောင်း ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်ချောစု၏ ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)


