ပြင်ဦးလွင် ၂၄ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် (Facility Quarantine) ကို သုံးတောင်ကျေးရွာရှိ ပတ္တမြားရိပ်သာ၌ ဧပြီ ၂၃ ရက် ညနေ ၄ နာရီမှ စတင်ပြီး ပြင်ပရောဂါ ပိုးတွေ့ရှိမှုများသည့် နေရာဒေသများတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ပြည်သူများကို ထားရှိရန် တာဝန်ရှိသူများမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သုံးတောင်ကျေးရွာ၊ ပတ္တမြားရိပ်သာရှိ (Facility Quarantine) ဆောင်ရွက်မှုတွင်မန္တလေး တိုင်းဒေသကြီး ပြင်ပရောဂါပိုးတွေ့ရှိမှုများသည့်ဒေသများတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည် ရောက်ရှိသူများဖြစ်ပါက Facility Quarantine (၂၁) ရက်နှင့် Home Quarantine (၇)ရက် ဆောင်ရွက်ရန်၊ ရောဂါပိုးတွေ့ရှိခြင်း မရှိသည့်ဒေသများတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လာသူဖြစ်ပါက တာဝန်ရှိသူများ၏ စစ်ဆေးမှုခံယူပြီး လိုအပ်မှသာ Facility Quarantine- ၂၁ ရက် နှင့် Home Quarantine (၇) ရက် ဆောင်ရွက်သွားရန် စသည်တို့ကို ကြီးကြပ်ဆောင်ရွက်ထားရှိသည်။
ဆက်လက်ပြီး ပြင်ပမှ ပြန်လည်ရောက်ရှိလာသူများကို Facility Quarantine ထားရှိရန်အတွက်ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာရှိ၊ ပတ္တမြားရိပ်သာတွင် စီမံဆောင်ရွက် ထားကြောင်းနှင့် အထက်ပါစည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီသူများအားလုံး Facility Quarantine ဝင်ရောက်ရမည်ဖြစ်ပြီး သတ်မှတ်ရက်ပြည့်မှသာ ပြင်ဦးလွင်မြို့သို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဇော်မျိုးထိုက် (ပြန်/ဆက်)


