ရန်ကုန် ၂၄ ဧပြီ
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Community Fever Clinic Yangon တို့ပူးပေါင်း၍ ဖျားနာလူနာကုဆေးခန်း (Fever Clinic)ကို ဧပြီ ၂၇ ရက်နေ့မှစတင်၍ အမှတ်(၆)ရပ်ကွက်၊ ကေတုမတီလမ်း (ပုဏ္ဏမီဈေးအနီး)ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါ ဖျားနာလူနာကုဆေးခန်း (Fever Clinic) ကို အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်းတွင် နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီအချိန်ထိ ဖွင့်လှစ်ကုသပေးသွားမည် ဖြစ်သည်။ Fever Clinic ဆေးခန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နဲ့အညီ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဖျားနာလူနာသီးသန့်ကုသပေးသည့် ဆေးခန်းများဖြစ်သည်။ ထို့ပြင် လူနာတစ်ဦးနှင့်တစ်ဦး ရောဂါပိုး မကူးစက်စေရန် ကာကွယ်မှုများလုပ်ထားသော ဆေးခန်းများလည်းဖြစ်ကြောင်း သိရသည်။
နေထက်အောင်


