တီးတိန် ၂၄ ဧပြီ
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်- ၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ထွမ်းဗုမ်းရိပ်သာ၊ အစိုးရမူလတန်းကြို ကျောင်းများအား ပိုးသတ်ဆေးဖျန်းခဲ့သည်။
ထိုသို့ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးခုပ်ဆောမ်းပြောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာ အဆောက်အအုံများနှင့် ပြည်ပနှင့်ပြည်တွင်းမှပြန်လာသူများအား ထားရှိသည့် အသွားအလာကန့်သတ်သည့်နေရာများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်


