ဝါးခယ်မ ၂၄ ဧပြီ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် အနှေးယာဉ်လုပ်သား ၅၀၀ ကျော်အား စားသောက်ကုန်များ တတိယအကြိမ် လှူဒါန်းမှုကို ဧပြီ ၂၃ ရက် မွန်းလွဲ နာရီက ပတ္တမြားရပ်ကွက် ဘုရားကြီးလမ်း မူကြိုကျောင်းရှေ့၌ ပြုလုပ်သည်။

 

ဝါးခယ်မမြို့နယ်အတွင်းရှိ အနေးယာဉ်လုပ်သားများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားသောက်မှု အဆင်ပြေစေရေးကို ရည်ရွယ်ပြီး လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ အနှေးယာဉ်လုပ်သား တစ်ဦးလျင် ဆန် နှစ်ပြည်၊ ဆီ ၅၀ ကျပ်သားနှုန်းဖြင့် လှူဒါန်းပေးခဲ့ကြောင်း ယနေ့ အလှူရှင် ဖြစ်သည့် ဦးအေးသောင်း က ပြောသည်။

 

"အခုက တတိယအကြိမ် လှူဒါန်းပေးတာဖြစ်တယ်။ ပထမအကြိမ်တုန်းက ဘုရားကြီးလမ်း မူကြိုကျောင်း ကော်မတီဝင်တွေ စုပြီး လှူဒါန်းပေးခဲ့တယ်။ ဒုတိယအကြိမ်မှာက အလှူရှင်တွေ စုပေါင်းလှူဒါန်းကြတာ။ အနှေးယာဉ် စုစုပေါင်း ၅၀၀ ကျော်ရှိပါတယ်။ ဆက်ပြီး အခုလို လှူဒါန်းပေးချင်တယ်ဆိုလဲ ကျွန်တော်တို့ မူကြိုကျောင်း ကော်မတီက ကူညီဆောင်ရွက်ပေးသွားမှာပါ " ဟု မူကြိုကျောင်း ကော်မတီဝင်ဖြစ်သူ ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြောသည်။

လွှမ်းသီဟ (ပြန်/ဆက်)