မန္တလေး  ၂၄  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချရသော အစားအသောက်များအား ပြည်သူများ ရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ငါန်းဇွန်၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်များတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP နည်းစနစ်ဖြင့် နွေနှမ်းသီးနှံဧက ၅၉၃၀ စိုက်ပျိုးရန် လျာထားပြီးဧပြီလဆန်းအထိ ဧက ၄၁၀ဝ စိုက်ပျိုးပြီး ဖြစ်သည်။

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပင်ကျေးတလည်ကျေးရွာတွင် တောင်သူ ဦးအောင်ကျော်ဝင်းက ဆင်းရတနာ-၄၊ ဆင်းရတနာ-၈၊ ဆင်းရတနာ-၁၀၊ ဆင်းရတနာ-၁၂၊ စက်လတ်ဖြူ နွေနှမ်းများအားယှဉ်ပြိုင် စမ်းသပ်ကွက်တွင်လည်းကောင်း၊ ပြည်ပန်းကျေးရွာအုပ်စုမှ တောင်သူ ဒေါ်မြင့်အေးကနွေနှမ်း ဆင်းရတနာ-၁၄ များအား ရေသွင်းစနစ်ဖြင့် စိုက်ပျိုးထားရာ ဧပြီ ၂၃ ရက်အထိ သက်တမ်း ၃၈ ရက်ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

 

မောင်ပြည်သူ(မန္တလေး)