ကျိုင်းတုံ  ၂၄  ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် လက်ဆေးဘေစင်များကို ဧပြီ ၂၃ ရက်က ကျေးရွာများတွင် တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ် ယန်းလော၊ ကျိုင်းဖောင်း၊ ယန်းလူးလမ်းခွဲ၊ ယန်းလှကျေးရွာ လူစည်းကားရာနေရာများတွင် လက်ဆေးဘေဆင်၊ ဆပ်ပြာရည်ဘူး၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးအသိပညာပေး ပိုစတာများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးရဲခေါင်နှင့်ဝန်ထမ်းများက ကွင်းဆင်း တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အလားတူ  ကျိုင်းတုံမြို့နယ်အတွင်း ကျေးရွာ(၆)ရွာအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် လက်ဆေးဘေစင်များကို ဆက်လက် တပ်ဆင်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)