ဇလွန် ၂၄ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ဆုံကုန်းကျေးရွာအုပ်စု ဥတိုကျေးရွာတွင် (VDP) စီမံကိန်းဖြင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ကျေးရွာမှတာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လေးလက်မ ပိုက်ဖြင့် အနက်ပေ (၄၂၀)ရှိသော တွင်းနက်တူးဖော်ခြင်းဖြစ်ပြီး ရေစက်ရုံ၊ ရေဂါလန် ၂၄၀ဝ ဆံ့ အမြင့်တင်ရေစင်နှင့် စုစုပေါင်းကုန်ကျငွေ ၁၂ ဒသမ ၉ သန်းကုန်ကျမည်ဖြစ်ပြီး ကျေးရွာအတွင်းသို့ ရေပေးဝေမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ဇလွန်ပြန်/ဆက်)


