မြိတ်  ၂၄  ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ညမထွက်ရဒေသန္တရအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်၏ ကြီးကြပ်မှုဖြင့် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုအောင်ဦးဆောင်၍ မြိတ်မြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့များက နယ်မြေ အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားစဉ်ကာလအတွင်း၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ နယ်မြေလုံခြုံရေး၊ ပြည်သူများသတ်မှတ်အချိန်အတွင်း အိမ်ပြင်မထွက်စေရေးနှင့် မြို့အဝင်/ အထွက်နေရာများတွင် ဖြတ်သန်းသွား လာသောလူနှင့်ယာဉ်များ သွားလာမှုမရှိစေရေးအတွက် ညပိုင်းအချိန်များတွင် လှည့်ကင်းများဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြိတ်မြို့နယ်အတွင်း ညမထွက်ရဒေသန္တရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း မြိတ်မြို့နယ်၊ ကျွဲကူး- ကျောက်ဖျာ တံတားအနီးနှင့် တောင်ပုလဲစသည့်မြို့ အဝင်/အထွက်နေရာများတွင်လည်း လူနှင့် မော်တော်ယာဉ်၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာမှုမရှိစေရန် ပိတ်ဆို့စစ်ဆေးခြင်းများ၊ ညစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)

 

mdn