ရန်ကုန် ၂၄ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် PPE ဝတ်စုံများကို အလှူရှင်များ က ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် အိဖြိုးရတနာ(Jetty)မှ PPEဝတ်စုံ(၅၀)စုံ၊ အရှေ့တိုင်းစွမ်းအား (Jetty)မှ PPE ဝတ်စုံ ၂၅ စုံ၊ငွေပင်လယ် (Jetty)မှ PPE ဝတ်စုံ ၂၅ စုံတို့ကို လာရောက်လှူဒါန်းရာ အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
အင်းစိန်မြို့နယ်၊Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


