ရေစကြို    ၂၄    ဧပြီ

 

ရေစကြိုမြို့ဆေးရုံဝန်းအတွင်းတွင် အလှူရှင်များကိုယ်စား အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်းမှ ကိုဗစ်-၁၉ ကာလအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးရုံမှဆရာဝန်များဆေးရုံ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ စိတ်ဓါတ်ခွန်အားဖြစ်စေရေးအတွက် မြို့ပေါ်ရှိအလှူရှင်များ၏ကိုယ်စား အောက်ဆီဂျင်အခမဲ့ကူညီရေး အသင်းမှ ယနေ့နံနက် ၉ နာရီတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

ရေစကြိုမြို့နယ်ဆေးရုံမှ ဆရာဝန်များနှင့် ဆေးရုံဝန်ထမ်း ၁၄၁ ဦးအတွက် ၁ ဦးလျှင် ဆန် ၁ ပြည်နှင့် ၄ ဘူး၊ ကြက်ဥ ၅ လုံး၊ ဆီ ၃၀ ကျပ်သား၊ ကာဘော်လစ်ဆပ်ပြာ ၂ ခဲနှင့် ယမန်နေ့ကလည်း ပြည်သူ့ကျန်းမာရေးဝန်ထမ်း ၁၇၀ ကို အလားတူထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဒေါ်အေးသန်း(မြို့နယ်ပြန်/ဆက်)