နေပြည်တော် ၂၄ ဧပြီ

 

ဧပြီ ၂၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ လူနာ ၁၂ ဦး ထပ်တိုးလာသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၁၄၄ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

ရောဂါပိုးရှိသူ ၁၂ ဉီးမှာ ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ်၊ တာမွေမြို့နယ်၊ ကျောက် တံတားမြို့နယ်၊ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တို့အတွင်းမှဖြစ်ပြီး အမျိုးသား ၇ ဉီးနှင့် အမျိုးသမီး ၅ ဉီးဖြစ်သည်။ အသက် ၂၀ ကျော် ၄ ဉီး၊   ၃၀ ကျော် ၅ ဉီး၊ ၄၅ နှစ် ၁ ဉီး၊  ၅၃ နှစ်  ၁ ဉီးနှင့် ၈၇ နှစ်အရွယ် ၁ ဉီး တို့ ဖြစ်သည်။

 

ရောဂါပိုးရှိသူ ၁၄၄ ဦးအနက် သေဆုံးသူ ၅ ဦး၊  ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၉ ဦးရှိသဖြင့်    ကျန်လူနာ ၁၃၀ ရှိကြောင်း၊    ၎င်းတို့အနက်      ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် ၂ ဉီးနှင့်   တောင်က္ကလာပ အထူးကုဆေးရုံကြီးတွင် ၁ ဉီး ပေါင်း ၃ ဉီး ကို အထူးကြပ်မတ် ကုသပေးလျက် ရှိကြောင်း   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

သတင်းစဉ်