ချောင်းဆုံ  ၂၅   ဧပြီ                 

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းသို့ ဧပြီလ လကုန်ပိုင်းတွင် ပြည်ပမှပြန်လည်ရောက်ရှိ သူများကို ထားမည့် Facility Quaratine Center (၅) နေရာတွင် သောက်ရေသုံးရေ အခက်ခဲမရှိ အဆင်ပြေ စေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဧပြီလ ၂၄ ရက်နေ့က ယာယီရေကန်များ လိုက်လံဆောက်လုပ်ပေးလျှက်ရှိကြောင်း သိရသည်။

 

ရေသုံးစွဲမှု အဆင်ပြေစေရေးအတွက် Quaratine Center (၁) နေရာတွင် ရေ (၂၁၀ဝ) ဂါလံဆံ့ ယာယီရေကန်(၂)ကန်စီ ဆောက်လုပ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနမှ ဦးမင်းဟံသာက ပြောသည်။

 

အဆိုပါQuaratine Center များတွင် ပိုးသတ်ဆေးများ ဖျန်းခြင်း ၊နေရာနှင့် အသုံးအဆောင် ပစ္စည်းများကို စနစ်တကျထားရှိခြင်း၊ နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဝင်များက စနစ်တကျ ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကေအေ(ချောင်းဆုံ)