ကံမ  ၂၅  ဧပြီ

 

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင် ရေရှားပါးသည့် ပြောင်ကျကျေးရွာမှ ပြည်သူများနှင့် ကျွဲ၊နွား တိရစ္ဆာန်များ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်း၍ သောက်သုံးရေ ဂါလန် ၃၄၀ဝ အား ယနေ့နံနက်က အဆိုပါကျေးရွာသို့သွားရောက်လှူဒါန်းခဲ့ကြသည်။

 

အဆိုပါ  ပြောင်ကျကျေးရွာတွင် အိမ်ခြေပေါင်း ၂၉၅ အိမ်ရှိပြီး လူဦးရေ ၉၇၅ ဦး နေထိုင်လျှက် ရှိကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)