အထက်မင်းလှ ၂၅ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မင်းလှမြို့နယ်၌ နှာခေါင်းစည်း(Mask)များတပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများအား အသိပညာပေးခြင်း၊ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး အသိပညာပေးခြင်းတို့ကို ယနေ့နံနက် ၈ နာရီခွဲက မင်းလှ-မင်းဘူး သွားကားလမ်းတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်ကာလအတွင်း အပြင်မထွက်ဘဲ အိမ်မှာနေကြရန်နှင့် မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်၊ လက်ကို မကြာခဏ စနစ်တကျ ဆေးရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာကြရန်တို့ကို မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ထွန်းထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်း၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


