ဖာပွန် ၂၅ ဧပြီ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဖာပွန်မြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ဖာပွန်မြို့ အမှတ်(၂)ရပ်ကွက် အ.ထ.က ကျောင်းသို့သွားရောက်၍ Quarantine ဝင်နေသူအား စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဌာနစိတ်မှူး ဦးငြိမ်းချမ်းအေးနှင့် ဝန်ထမ်းများက အ.ထ.က ဖာပွန်၌ ဖွင့်လှစ်ထားသော Community Based Facility Quarantine Centre သို့သွားရောက်ပြီး Quarantine ဝင်နေသူ တစ်ဦးအားကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ Hot Line တယ်လီဖုန်းနံပါတ်များပါရှိသည့် ဗီနိုင်းနှင့် အိမ်တွင်း အကြမ်းဖက်မှုအပါအဝင် အမျိုးသမီးများပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့် Help Line တယ်လီဖုန်းနံပါတ်များပါရှိသော ဗီနိုင်းများကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းများ ဆောင်ရွက်လျက်ရှိသော Hot Line တယ်လီဖုန်းနံပါတ်များနှင့် အိမ်တွင်းအကြမ်းဖတ်မှုအပါအဝင် အမျိုးသမီးများပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် Help Line တယ်လီဖုန်းနံပါတ်များကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)


