ရေနံချောင်း ၂၅ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချောင်းဆုံကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများ နွေရာသီကာလ သောက်သုံးရေ ဖူလုံစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်နှင့် ဝန်ထမ်းများက ရေဂါလန် ၅၀၀၀ ကို ယနေ့နံနက် ၁၀ နာရီက ကျေးရွာအရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာန မှသိရသည်။
ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရေနံချောင်းမြို့ အဖြူရောင်ပရဟိတအသင်းမှ ရေသယ်ယာဉ်ဖြင့် ရေနံချောင်းမြို့နယ်၊ မကျီးကုန်းကျေးရွာရှိ အိမ်ခြေ ၁၁၈ အိမ်မှ လူဦးရေ ၆၁၈ ဦး တို့အတွက် ရေဂါလန် ၅၀၀၀ အား သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် အိမ်ထောင်စုများအလိုက် စနစ်တကျ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် သောက်သုံးရေများ လှူဒါန်းလိုပါက ရေဂါလန်(၁၆၀၀)ပါ ကားတစ်စီးလျှင် ငွေကျပ် ၂၅၀၀ဝိ/ နှုန်းဖြင့် ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင် ဖုန်းနံပါတ် ၀၉-၂၃၀၀၉၄၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


