မိတ္ထီလာ  ၂၅  ဧပြီ 

 

အလယ်ပိုင်းတိုင်းစစ်ဌာချုပ်မှ  မိတ္ထီလာအထွေထွေရောဂါကု ဆေးရုံကြီးသို့  တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံ ၂၀၀ နှင့် နှာခေါင်းစည်း ၃၀၀၀ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီးသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လှူဒါန်းသော တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ  ၂၀၀ စုံ၊  နှာခေါင်းစည်း ၃၀၀၀ ခု၊ N-95 နှာခေါင်းစည်း ၁၀၀ ခု၊ လက်အိတ် ၅၀ ပါ ၁၀ ဗူးနှင့် မျက်မှန်(Goggle) ၃၀ လက်တို့ကို မိတ္ထီလာတပ်နယ်မှ တပ်နယ်မှူးက ဆေးရုံအုပ်ကြီး ဒေါက်တာ ညွှန့်စိန်ထံ ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့အပြင် မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လူနာများအတွက် ဧပြီ ၁၇ ရက်နှင့် ၁၉ ရက်များက ကြက်ဥ၊ နွားနို့၊ ကော်ဖီ၊ ခေါက်ဆွဲ၊ ပဲနို့များကို ပေးအပ်ခဲ့ကြောင်း သိရသည်။    

 

သိန်းမြင့်ကျော်(မိတ္ထီလာ)