ကျိုင်းတုံ ၂၅ ဧပြီ 

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိန်းနိုင်ရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ လိုက်နာခြင်းမရှိသူ ငါးဦးကို မြို့နယ်တရားရုံးက ထောင်ဒဏ် သုံးလစီ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။

 

ဧပြီ ၂၃ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် အမှတ် (၅) ရပ်ကွက် ယန်းခမ်းရွာအဝင်တွင် မောင်မောင်သန်း  အသက် (၂၉) နှစ်၊ စိုင်းကြူး အသက် (၄၅) နှစ် တို့နှင့် အမှတ်(၅)ရပ်ကွက် ကျိုင်းတုံ-တောင်ကြီး ကားလမ်းမကြီးဘေး နောင်ကျန့် ဆိုင်ကယ်ကယ်ရီဂိတ် သစ်ပင်အောက်တွင် ထွန်းလွင် အသက် (၄၀) နှစ်၊ ပြည့်နိုင် အသက် (၄၀) နှစ်၊ ဒယ်နီ အသက် (၁၉) နှစ်တို့အား  ခိုင်လုံသော အကြောင်းအရာ တစ်စုံတစ်ရာ မရှိဘဲ တွေ့ရှိရသည့်အတွက် ၎င်းတို့ ၅ ဦးအား ဖန်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

 

၎င်းတို့အား ညအမိန့်မထွက်ရအမိန့် ထုတ်ပြန်ချက်အပေါ် လိုက်နာခြင်းမရှိသည့်အတွက် ထောင်ဒဏ် သုံးလစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)