၂၅ ဧပြီ

 

ဗင်နီဇွဲလားနိုင်ငံမှာ အနှစ် ၂၀ ကျော်အတွင်း ရေနံဈေးနှုန်း အနည်းဆုံးအထိကျဆင်းရာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀ အောက်အထိ ကျဆင်းနေကြောင်း အစိုးရက ပြောပါတယ်။ 

 

တနင်္လာနေ့ကနေ  သောကြာနေ့အတွင်း ရေနံတစ်စည်တန်ဖိုး ၇၀.၆၃ ယွမ် (အမေရိကန်ဒေါ်လာ ၉.၉၀) အထိ ကျဆင်းရာ ၁၉၉၈ ခုနှစ်က ဈေးနှုန်းကဲ့သို့ အမေရိကန်ဒေါ်လာ ၉.၂၈ အတိုင်း  ရောက်ရှိနေကြောင်း ရေနံဝန်ကြီးဌာနက ပြောပါတယ်။ 

 

၂၀၁၇ ခုနှစ်ကစပြီ ဗင်နီဇွဲလားသမ္မတ မာဒူရို အစိုးရက ရေနံဈေးကို အမေရိကန်ဒေါ်လာ အစား တရုတ်ငွေကြေး ယွမ် နဲ့သာ သတ်မှတ်လာတာကို တွေ့ရပါတယ်။ 

 

၂၀၁၈ ခုနှစ်က ဧပြီ ၂၀ မှ ၂၄ ရက်အတွင်း သီတင်းပတ်ရဲ့ ရေနံဈေးမှာ အမေရိကန် ဒေါ်လာ ၅၆.၄၁ ကနေ ၆၁.၄၁ အတွင်းရှိခဲ့ပါတယ်။ ရေနံဈေးဟာ ကမ္ဘာ့ကပ်ရောဂါ စတင်ပျံ့ပွားချိန်ကစပြီး ဈေးကျနေတာကို တွေ့ရပါတယ်။ 

 

ဗင်နီဇွဲလားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူပေါင်း ၃၁၈ ဦး ရှိပြီး သေဆုံးသူ ၁၀ ဦး ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗိုင်းရပ်စ် ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်းမှာ အသွားအလာ ပိတ်ဆို့မှုတွေ ပြုလုပ်ထားပေမယ့် အစားစာနဲ့ ဆေးဝါးပြတ်လပ်မှုတွေကြောင့် ဆန္ဒပြနေတာကိုတွေ့ရပါတယ်။ 

 

MDN
ကိုးကား- AFP