ဆိပ်ဖြူ  ၂၅  ဧပြီ

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ယနေ့ မွန်းလွဲ ၃ နာရီခန့်က လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်ခြင်း တို့ကြောင့် ကျေးရွာ (၅)ရွာမှ လူနေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ နွားသုံးကောင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဒေါသာကျေးရွာ၊ လက်ဆည်ကျေးရွာ၊ ဂဲကုန်းကျေးရွာ၊ အရှေ့ကံတွင်း ကျေးရွာများ၌ လူနေအိမ် (၃၀)လုံးနှင့် ဘော်ဒါဆောင်(၂)ဆောင်  အမိုးလန်ပျက်စီးခြင်း၊ အရှေ့ကံတွင်းကျေးရွာတွင် လူနေအိမ်(၁)လုံး ပြိုကျခြင်း ဖြစ်ပွားခဲ့သည်။

 

ထို့အပြင် ကျောင်းရွာအုပ်စု၊ ကျွန်းမကြီးကျေးရွာမှ တောင်သူဦးတင်လှိုင် ပိုင်ဆိုင်သည့် နွားသုံးကောင်မှာ ကျေးရွာမြောက်ဘက် မကျီးပင်အရိပ်အောက်တွင် ချည်နှောင်ထားစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါလေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးထိမှန်ခြင်းတို့ကြောင့် ကျေးရွာ(၅)ရွာမှ လူနေအိမ်နှင့် အဆောက်အဦ (၃၃)လုံး၊ နွားသုံးကောင် သေဆုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃၂၉၆၀၀၀ ကျပ်ရှိကြောင်း မြို့နယ် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

 

ကိုဇွဲ (အညာမြေ)