တွံတေး  ၂၅  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အရိုးတောင်ကျေးရွာအုပ်စု၊ မီးသွေးကျင်းကျေးရွာတွင် ယနေ့ ညနေ ၅ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၉ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိဘဲ လေဘေးသင့်အိမ်ထောင်စုဝင် ကျား (၄၂) ဦး၊ မ (၄၈) ဦး စုစုပေါင်း  (၉၀) ဦးအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ခေတ္တနေထိုင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင် သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့်  ကျေးရွာလူမှုရေး အသင်းအဖွဲ့ရုံးလည်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)