ခင်ဦး   ၂၆   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မိမြို့ဖများကဦးဆောင်ပြီး မြို့နယ်ကြက်ခြေနီအသင်း၊ အရန်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းတို့ ပူးပေါင်းပြီး ဧပြီ ၂၅ ရက် ညနေ ၄ နာရီက မြကန်သာရပ် အနောက်ပိုင်းက စတင်ပြီး မော်တော်ယာဉ်ဖြင့် လှည့်လှည်ဖြန့်ဝေပေးခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် အပြင်ထွက်ပြီး ဈေးဝယ်ရာတွင် လူစုလူဝေးလျော့နည်းစေလိုခြင်း၊ ဟင်းသီးဟင်းရွက်များကို စိုက်ခင်းများသို့သွားရောက်ပြီး ဝယ်ယူသဖြင့် လတ်လတ်ဆတ်ဆတ်စားသုံးစေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် မြို့ပေါ်ရှိ ရပ်ကွက် (၅) ရပ်ကွက် သို့ လှည့်လည်ပြီး အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း မြို့မိမြို့ဖ တွဲဘက်အတွင်းရေးမှူး ဦးစိုးဝင်းအောင်၏ ပြောကြားချက်အရ သိရသည်။

 

ယခုလို ဟင်းသီးဟင်းရွက်များကို အိမ်အရောက်လှည့်လည်ဖြန့်ဝေပေးတဲ့အတွက် မြို့မိမြို့ဖအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သူများကို ကျေးဇူးတင်ရှိကြောင်း ဟင်းသီးဟင်းရွက်များမှာ လတ်လတ်ဆတ်ဆတ်ရှိတဲ့အတွက် ကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်ကြောင်း ဟင်းသီးဟင်းရွက်များမှာ အမယ်စုံသဖြင့် နှစ်ရက် သုံးရက်လောက်ထိ စားသုံးနိုင်ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

 

စိုးဝေအောင်(ခင်ဦး)