ညောင်ဦး ၂၆ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကူးစက် ပြန့်ပွားမှု မရှိစေရေး ပြောင်းရွေ့ဖွင့်လှစ်ထားရှိသည့် ယာယီပျံကျဈေးသည်များအတွက် Mytel ဆက်သွယ်ရေးကုမ္ပဏီမှ နေပူခံထီးအလက် ၆၀ ကျော်ကို ညောင်ဦးမြို့ စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း ၁၄:၁၅ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ Mytel ဆက်သွယ်ရေးကုမ္ပဏီမှ လှူဒါန်းသည့် နေပူခံထီးအလက် ၆၀ ကျော်အား အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် (၁) ဦးဝင်းမြင့်ခိုင်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးတင်မြင့်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် လွတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အလှူရှင် Mytel ဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိလူကြီးမင်းများသည် ယာယီပျံကျဈေး ဖွင့်လှစ်ထားရှိသည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့ စည်ပင်သာယာရေးအဖွဲ့မှ မဏိစည်သူဈေးတာဝန်ခံ ဦးအောင်ကျော်မြင့်ထံမှ သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


