ပင်လည်ဘူး  ၂၆   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် ယာဉ်များရပ်နား သွားလာ ပို့ဆောင်ရေးရပ်နားစခန်းကားဂိတ်ဖြစ်သည့် ရွှေပင်လည်ကားဝင်းအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါပြန့်ပွားမှုမရှိစေရန် အတွက်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဧပြီ ၂၅ ရက်နေ့က ကားဝင်းအတွင်း ဆေးဖျန်းဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဆေးဖျန်းဆောင်ရွက်မှုကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးမျိုးနေတိုး ဦးဆောင်ကြီးကြပ်၍ ကားဝင်းအတွင်းရှိ ဈေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကားလက်မှတ်ဖြတ်ကောင်တာအခန်းများနှင့် ကားဝင်းအတွင်းခရီးသည်အသွားအလာများသည့် နေရာများအား ဆေးဖျန်းဆောင်ရွက်ခဲ့ကြပြီး ပင်လည်ဘူးမြို့နှင့်အခြားမြို့များသို့ ပို့ဆောင်ပြေးဆွဲနေသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများမှာလည်း ရက်အကန့်အသတ်မရှိ ယာယီရပ်နားထားကာ ပို့ဆောင်ပြေးဆွဲခြင်း မရှိသေးကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)