ပခုက္ကူ ၂၆ ဧပြီ
ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာတွင် ဧပြီ ၂၅ ရက်နေ့ညက မိုးရွာသွန်း၍ ဧပြီ ၂၆ ရက်နေ့နံနက်ပိုင်းတွင် မိုး နှမ်းများ စိုက်ပျိုးနေကြကြောင်း သိရသည်။
မိုးကဝယ်မရပါဘူး မျိုးကဝယ်ရတယ် မိုးရွာတုန်းစိုက်ရတာပါဟု ဖောင်းကွဲကျေးရွာမှ တောင်သူဦးကျော်နိုင်က ပြောသည်။ မိုးနှမ်းဝါခေါ်ရက် ၆၀ သက်တမ်းမျိုးများကို အဓိကစိုက်ပျိုးကြောင်း သိရသည်။
ကိုဇော်(ဓာတု)


