ကျောက်ကြီး  ၂၆  ဧပြီ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ဧပြီ ၂၆ ရက် နံနက် ၉ နာရီက သောက်သုံးရေ မလုံလောက်သည့် ရပ်ကွက်အချို့အား တပ်မတော်မှ ရေလှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းရာတွင် ကျောက်ကြီးမြို့နယ်ရှိ တပ်နယ်မှူး ဗိုလ်မှူး လှိုင်ကျော်ထွန်း ဦးဆောင်သည့် နယ်မြေခံ တပ်ရင်းများမှ အရာရှိစစ်သည်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးဝင်းထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်ပြီး မြို့ပေါ် ရပ်ကွက်များဖြစ်သည့် သိမ်းတန်းရပ်ကွက်နှင့် တောင်ငူတန်းရပ်ကွက်များရှိ အိမ်ထောင်စု (၁၀၀)စုအား၊ သောက်ရေ (၂၀)လီတာဘူးကြီး (၃၀)ဘူးနှင့် ရေဂါလံ (၁၈၀၀) အားဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း နယ်မြေခံ တပ်နယ်မှူး ဗိုလ်မှူး လှိုင်ကျော်ထွန်း ပြောကြားချက်အရ သိရသည်။

 

ကျောက်ကြီးမြို့၌ နွေရာသီ နေပူချိန်ကြောင့်  ရေတွင်း၊ ရေတုံကင်တွေ ရေနည်းပါးလာ၍ ရေပြတ်လပ်သည့် ရပ်ကွက်အချို့ရှိပြီး၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြုလုပ်နေရ၍ ရေပြတ်လပ်သည့်နေရာများအား ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တင်ပြလာမှုအပေါ် မူတည်ပြီး အချိန်နှင့်တပြေးညီ ရေရရှိနိုင်အောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

ကိုသားကြီး( ကျောက်ကြီး)