ပခုက္ကူ  ၂၆   ဧပြီ

ပခုက္ကူမြို့နယ်ရှိ ကျေးရွာအုပ်စု (၂)အုပ်စုတွင် ဧပြီ ၂၅ ရက် ည ၇ နာရီခွဲအချိန်ခန့်က လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများ  ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဖောင်းကွဲအုပ်စု၊ ဇောင်ဂျမ်းကုန်း ကျေးရွာတွင် လူနေအိမ်လေးလုံးနှင့် ဇီးပင်ကန်ကျေးရွာတွင် လူနေအိမ်တစ်လုံး သွပ်မိုးလန်ခြင်း၊ ချောက်ကန်အုပ်စု၊ အရှေ့ချောက် ကန်ကျေးရွာတွင် လူနေအိမ်နှစ်လုံး ပြိုကျခြင်း၊ တစ်လုံးအမိုးလန်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း သွပ်မိုးလန်ခြင်း၊ သစ်ပင်လဲပြိုခြင်း၊ မကျီးကိုးပင်ကျေးရွာတွင် လူနေအိမ် (၁၁)လုံး အမိုးလန်ခြင်း၊ တစ်လုံးပြိုကျခြင်းနှင့် မူလတန်းကြိုကျောင်း အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။

 

ပခုက္ကူမြို့နယ်တွင် လေပြင်တိုက်ခတ်ခြင်းကြောင့် လူနေအိမ် (၁၇)လုံး အမိုးလန်ခြင်း၊ သုံးလုံးပြိုကျခြင်း၊ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်း အမိုးလန်ခြင်း၊ မူလတန်းကြိုကျောင်း တစ်ကျောင်း အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဆလိုင်းကိုကီး