မော်လမြိုင် ၂၆ ဧပြီ
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ ရေရှားပါးသော ရပ်ကွက်များနှင့် Community Based Facility Quarantine (CBFQ) ၂၁ ရက် ထားရှိသော မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်များသို့ ရေများနေ့စဉ်သွားရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့ပေါ်ရှိ ရေရှားပါးသော ပန်းဘဲတန်းရပ်ကွက်၊ ဘိုကုန်းရပ်ကွက်၊ မောင်ငံရပ်ကွက်၊ ကွင်းရပ်ရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက် စသည့်ရပ်ကွက်(၆)ရပ်ကွက်သို့ ရေဂါလန် (၂၂၄၀ဝ) နှင့် (CBFQ) ၂၁ ရက်ထားရှိသော မော်လမြိုင် တက္ကသိုလ်ဝင်းအတွင်းရှိ အင်ကြင်းဆောင်၊ သံလွင်ဆောင်များသို့ ရေဂါလန် (၆၄၀ဝ) စုစုပေါင်း ရေဂါလန် (၂၈၈၀ဝ) ကို မော်လမြိုင်ခရိုင်မီးသတ် စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့များတို့က မီးသတ်ရေသယ်ယာဉ်များဖြင့် ဧပြီ ၂၄ ရက်နေ့မှ စတင်ကာ နေ့စဉ်သွားရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
ဝေလင်း(ပြန်/ဆက်)


