ညောင်ဦး   ၂၆   ဧပြီ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်ခူးရောင်းချချိန်တွင် ဈေးနှုန်းကောင်းရရှိရန် နွေပဲတီစိမ်းစိုက် တောင်သူများမျှော်လင့်နေကြကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ဖြင့်စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်ဧက ၃၉၀ဧကရှိကြောင်း၊ ပဲတီစိမ်းစိုက်ခင်းတွေကောင်းမွန်ကာ ပြီးခဲ့သည့်နှစ်ကနွေပဲတီစိမ်းပေါ်ချိန် တစ်တင်းလျှင် ငွေကျပ် ၃၉၀ဝ၀ ကျပ်ဖြင့် ရောင်းချခဲ့ရပြီး မြစ်ရေတင်ဖြင့်စိုက်ပျိုးကြသည့် နွေ ပဲတီစိမ်းစိုက်တောင်သူများ ယခင်နှစ်က ဈေးနှုန်းမျိုးရရှိရန် မျှော်လင့်နေကြောင်း ပဲတီစိမ်းစိုက် တောင်သူများက ပြောကြားသည်။

 

ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်မှ ရေသွင်းခ တစ်ဧကလျှင် နွေပဲတီစိမ်းတစ် သီးပြီးသည်အထိ ၃၀ဝ၀ ကျပ်ပေးသွင်းရပြီး ရေသွင်းအကြိမ်ရေ ငါးကြိမ်၊ ခြောက်ကြိမ်အထိ ရေသွင်းပေးရကြောင်း ကျောက်ကူးမြစ်ရေတင် တာဝန်ခံ (AE) ဦးလှမင်းထက်ကပြောကြား၍ သိရကာ နွေပဲတီစိမ်းထွက်ရှိချိန် ဈေးနှုန်းကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း