ဇလွန် ၂၆ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ည မထွက်ရ ဒေသန္တရ အမိန့်ထုတ်ပြန် ပြီးနောက်ပိုင်း လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊
ယင်းသို့ဆောင်ရွက်ရာတွင် ဇလွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်၊ ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဇလွန်မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက နယ်မြေအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားစဉ် နယ်မြေလုံခြုံရေး၊ ပြည်သူများ သတ်မှတ်အချိန်အတွင်း အိမ်ပြင်မထွက်ရေးနှင့် မြို့အဝင်/ အထွက်နေရာများတွင်ဖြတ်သန်း သွားလာသောလူ/ယာဉ်များ ပိတ်ဆို့စစ်ဆေးခြင်းများကို နေ့/ညလှည့်ကင်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
ဝေယံ (ပြန်/ဆက်)


