နမ္မတူ ၂၆ ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးဘေစင်နှင့် အပူချိန်တိုင်းကိရိယာ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ IDP စခန်း၊ လီဆူး IDP စခန်းနှင့် ကချင် IDP စခန်းတို့၌ ယနေ့မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့သည်။

 

ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဆက်စပ်အဖွဲ့အစည်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကြူဆော့ IDP စခန်း၌ လက်ဆေးဘေစင် (၂)ခုနှင့် အပူချိန်တိုင်း ကိရိယာ (၁)ခုအား လည်းကောင်း၊ လီဆူး IDP စခန်း၌ လက်ဆေးဘေစင် (၁)ခုနှင့် အပူချိန်တိုင်း ကိရိယာ (၁)ခုအား လည်းကောင်း၊ ကချင် IDP စခန်း၌ လက်ဆေးဘေစင် (၁)ခုနှင့် အပူချိန်တိုင်း ကိရိယာ (၁)ခုအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး နမ္မတူမြို့နယ် တိုက်ပွဲရှောင်ကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)