မုဒုံ ၂၆ ဧပြီ

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော ဆေးပစ္စည်များ ဝယ်ယူနိုင်ရန် ယမန်နေ့နံနက် ၁၀ နာရီက မြတ်ပညာ ငွေစု/ငွေချေး သမဝါယမအသင်း(မုဒုံမြို့)မှ အလှူငွေကျပ် (၁၀)သိန်းကို လှူဒါန်ခဲ့ရာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမြင့်သိန်းဦးက လက်ခံရယူခဲ့​ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)