ငဖဲ   ၂၇   ဧပြီ  

 

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ဇီးတောလေးကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ အသုံးပြု နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေနှင့် ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် ဂါလန် ၂၄၀ဝ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းအား ဆောင်ရွက် လျက်ရှိရာ လုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ဇီးတောလေးကျေးရွာသည် အိမ်ခြေ ၁၁၆ အိမ်၊ လူဦးရေ ၄၄၆ ဦး နေထိုင်ပြီး ယခုဆောင်ရွက် သည့် ရေရရှိရေး လုပ်ငန်းအား ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံကိန်းမှ ငွေကျပ်သန်း ၁၀ ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာပြည်သူ လူထုမှ ငွေကျပ် ဝ ဒသမ ၅၂ သန်း ထည့်ဝင်၍ ဂါလန် ၂၄၀ဝ ဆံ့စင်မြင့်ရေစင် တည်ဆောက်ခြင်းနှင့် အရှည်ပေ ၄၄၆၈ ရှိ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းအား လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာနေပြည်သူများက မတ်လကုန်ကစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၆၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

 

"ငဖဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဇီးတောလေးကျေးရွာအပါအဝင် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာပေါင်း(၁၂)ရွာ စိစစ် ရွေးချယ်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်း ထောက်ပံ့ငွေကျပ် သန်း ၁၀ နှင့် ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း(၁၂)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်"ဟု ငဖဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ပြောပြ၍ သိရသည်။

 

 

သူရိန်(မင်းဘူး)