ထီးချိုင့်  ၂၇   ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် ဧပြီ ၂၁ ရက်က လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များပြိုလဲခြင်း၊ အမိုးလန်ခြင်း၊ ဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးမှုတို့အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင် ပေးအပ်ခဲ့သည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၁၀)အုပ်စုမှ ဘုန်းတော်ကြီးကျောင်း ( ၂ ) ကျောင်း အမိုးလန်ပျက်စီးခြင်း၊ လူနေအိမ်(၁၅)လုံး အမိုးလန်ပျက်စီးခြင်း၊ လူနေအိမ် (၃)လုံး ပြိုလဲခြင်းတို့အတွက် ကသာခရိုင်ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၉၀၁၂၀ဝ အား မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းတိုး‌ဝင်းတို့မှ သက်ဆိုင်ရာ‌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပျက်စီး ဆုံးရှုံးသွားသော အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရဲလင်းထွန်း ထီးချိုင့်