မိုးနဲ ၂၇ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နောင်လိုင်ကျေးရွာအုပ်စု ရှိအိမ်ခြေများသို့ ကိုဗစ်-၁၉ ရောဂါကာလတွင် သန့်ရှင်းသော သောက်သုံးရေများ အသုံးပြုနိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီ က အဆိုပါ ကျေးရွာအုပ်စုသို့ သောက်သုံးရေဘူးများကို နားခံကျေးရွာမှသွားရောက်လှူခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားရောက်လှူဒါန်းရာတွင် နားခံကျေးရွာအုပ်စု နားခံကျေးရွာနေ လူငယ်အဖွဲ့ စိုင်းစောလှိုင် ဦးဆောင်မှုဖြင့် အလှူရှင်များ၊ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများ နှင့်အဖွဲ့တို့က နောင်လိုင်ကျေးရွာရှိ အိမ်ခြေ ၃၃ အိမ် ၊နောင်ဆန့်ကျေးရွာရှိ အိမ်ခြေ ၂၇ အိမ် စုစုပေါင်း အိမ်ခြေ ၆၀ တို့ကို ရေ ၅ ဂါလန်ဆန့်ဘူး လေးဘူးစီကိုကျေးရွာအရောက် လှူဒါန်းပေးခဲ့ကြောင်း နောင်လိုင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးလုံးနန္တာ ထံမှသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


