ပွင့်ဖြူ ၂၇ ဧပြီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က မိုးသက်လေပြင်းများ တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ သွားလာသည့် ပွင့်ဖြူ - စလင်း - မင်းဘူး သွားကားလမ်းဘေး (စိုက်ပျိုးရေးခြံရုံး)အနီးရှိ ကုက္ကိုပင်ကြီးမှာ သစ်ကိုင်းများကျိုးပဲ့နေပြီး ခရီးသွား ပြည်သူများ သွားလာရာတွင် စိုးရိမ်ရသည့်အတွက် ယနေ့ နံနက် ၇ နာရီခွဲက မြို့နယ်မီးသတ်တပ်ဖွဲ့ ၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး သွားရောက်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူ - စလင်း - မင်းဘူး သွားကားလမ်းဘေး (စိုက်ပျိုးရေးခြံရုံး)အနီးရှိ ကုက္ကိုပင်ကြီးတွင် သစ်ကိုင်းများ ကျိုးကျနေမှုအား မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ ပူးပေါင်းအဖွဲ့က လေပြင်းတိုက်ခတ် မှုကြောင့် ကျိုးကျနေသော သစ်ကိုင်းများနှင့် အန္တရာယ်ရှိနိုင်သော ကိုင်းတက် ၊ ကိုင်းခွများကို နံနက် ၇ နာရီခွဲမှ ၈ နာရီအထိ စုပေါင်းခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


