ရမည်းသင်း ၂၇ ဧပြီ 

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အတွက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် ဧပြီ ၂၆ ရက်က ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ နည်းပညာ တက္ကသိုလ်(ရမည်းသင်း)၌ (၂၁) ရက်ကန့်သတ်စောင့်ကြည့်စခန်း ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကန့်သတ်စောင့်ကြည်စခန်းသို့ ဧပြီ ၂၇ ရက် နံနက် ၄ နာရီက တရုတ်ပြည်နယ်စပ်ဒေများမှ ပြန်လည်ရောက်ရှိလာသူ ကျား−၃၂ ဦး၊ မ−၂၇ ဦးတို့ကို ရမည်းသင်းမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဉက္ကဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ထိန်လင်း၊ မြို့နယ်လ၀က ဦးစီးမှူး ဦးအောင်မြင့်မော်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာမြင့်မြင့်မော်နှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပြန်လည်ရောက်ရှိလာသူများ ကိုယ်ရေးအချက်များ ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း ဆောင်ရွက်ပြီး နံနက်စာ ထမင်းဘူး၊ ဇလုံ၊ ဟင်းချိုပန်းကန်း၊ ဇွန်း၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ကော်ဖီမစ်(၁၀)ထုတ် ခေါက်ဆွဲခြောက်(၂)ထုတ်၊ သွားတိုက်ဆေးနှင့်သွားတိုက်တံ၊ အခင်းနှင့် နှာခေါင်းစည်း(၄)ခုကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး နည်းပညာတက္ကသိုလ်(ရမည်းသင်း) ပေ ၂၀၀၊ ပေ ၄၀ ရှိ စာသင်ဆောင်တွင် နေရာချထားပေးခဲ့ကြောင်း သိရသည်။

           

ရမည်းသင်းမြို့နယ် ဧပြီ၁၉ ရက် ကစတင်ပြီး သာသနာ့ဗိမ္မာန် ကန့်သတ် စောင့်ကြည်စခန်းတွင် ကန့်သတ်စောင့်ကြည်သူ(၂၂၄)ဦး  နှင့် ဧပြီ ၂၆ ရက်တွင် ထပ်မံတိုးချဲ့သည့် နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကန့်သတ်စောင့်ကြည့်စခန်းတွင် (၅၉) ဦး ၊ စုစုပေါင်း ကန့်သတ်စောင့်ကြည်စခန်း(၂)ခုတွင် (၂၈၃)ဦး ရှိကြောင်း သတင်းရရှိသသည်။

 

ဇော်ဝင်းအောင်(ရမည်းသင်း)