ပန်းတနော် ၂၇  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့ စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဈေးသူ ဈေးသားများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ထားခြင်း ရှိ၊ မရှိစစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီက  ယာယီပျံကျဈေး၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။

 

9933

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲမင်းအောင်၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများနှင့် ဈေးဝယ်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ဈေးရောင်းဝယ်ကြသူများသည် နှာခေါင်းစည်းတပ်ရန်နှင့် လက်အိတ်တို့ကို တပ်ဆင်ပြီးမှ ဈေးရောင်း ဈေးဝယ်ပြုလုပ်ကြရန် တစ်ဦးနှင့်တစ်ဦး ၃ပေ ခွာနေပြီး ဈေးရောင်းဝယ် ပြုလုပ်ကြရန်၊ ဈေးအဝင်တွင် ဘေစင်ထားရှိပေးကာ လက်ကို စနစ်တကျ ဆေးကြောပြီးမှ ဈေးတွင်းသို့ ဝင်ရောက်ကြရန်နှင့်ပျံကျဈေးသည်များ အနေဖြင့် သတ်မှတ်ပေးထားသည့် နေရာ၌သာ စနစ်တကျ ရောင်းချရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗင်-၁၉ နှင့်ပတ်သက်သည့် ပညာပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)