ရန်ကုန် ၂၇ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေနှင့် စောင်များလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် "World Intellectual Property Day 2020" ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း၊ ဒုဥက္ကဋ္ဌ ဒေါ်ဆွေဇင်ထိုက်၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်ဦးနှင့် ရုံးအဖွဲ့မှူးတို့မှ အလှူငွေကျပ်သိန်း ၂၀ နှင့် (ဦးဌေးအောင်)+ ဒေါ်တင်ဥမ္မာထွန်း (မိသားစု) က စောင်အထည်(၅၀)တို့ကို မြောက်ဥက္ကလာပ(ဝေဘာဂီ) အထူးကုဆေးရုံကြီးသို့ လာရောက်လှူဒါန်းသည်။
ထိုသို့ လှူဒါန်းခြင်းကို မြောက်ဥက္ကလာပ(ဝေဘာဂီ)အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်အေးအေးအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
နီနီပို


